မချိုသဲ၏ပို့စ်( အသည်းကွဲသူများအတွက်)

August 22, 2009
သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ?
ပျော်ရွှင်နေတဲ့အချစ်ရေးကို ဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား?
အချစ်မှာကံကောင်းစေဖို့  မသိလိုက်တဲ့လျို့ ဝှက်တဲ့ အဆောင်လေးတွေ ရှိပါတယ် ။
ကဲလေ့လာကြည့်ကြမယ်နော် ။

နားလည်မှုအချစ်

လူတွေဟာ အချစ်နဲ့ တွေ့ ရင် အရည်ပျော်သွားတတ်ကြသလို ၊
စိုးရိမ်ပူပန်မှုတွေလည်းရှိလာတတ်
ကြတယ် ။
အဲ့ဒါက အပြစ်တော့မဟုတ်ပါဘူး ။သဘာဝထဲက သဘာဝတစ်ခုပဲလေ ။
အဲ့ဒီတော့ အထူးသတိထားရမယ့် အချက်က လက်ရှိအချစ်မှာလိုက်လျောညီထွေဖြစ်အောင် နေဖို့ ပါပဲ။
case တစ်ခုဖြစ်လာပြီဆိုရင် နှစ်ဦးနှစ်ဘက် မျှတွေးပေးပါ။
သင့်ရဲ့ စိုးရိမ်ပူပန်မှု ၊ သ၀န်တိုမှုတွေကြောင့် တစ်ဖက်သားအတွက် ကြောက်လန့် စိုးရွံ့စရာတွေ မဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။
ပြီးတော့ နောက်တစ်ခုက သင်ကသူ့ ကိုချစ်ပါလျက်နဲ့ အေးစက်စက် အပြုအမူတွေ ၊
အပြောအဆိုတွေကြောင့်သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြတယ်ဆိုတဲ့ အဖြစ်မျိုးတွေ
မကြုံရအောင် လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ 
နားလည်မှု ဆိုတဲ့ အရာလေးပါ တစ်ပါတည်း မွေးဖွားပေးလိုက်မယ်ဆိုရင်တော့
ပိုပြီးပျော်ရွှင်နိုင်လိမ့်မယ်ထင်ပါတယ်နော်။

မျက်မြင်ကိုယ်တွေ့ မှယုံပါ

ချစ်သူနှစ်ဦးကြားမှာ ပြသနာတစ်ခုဖြစ်ပြီဆိုရင် ကြားစကားတွေကိုဘယ်တော့မှမယုံမိပါစေနဲ့ ။
ကြားစကားတွေနဲ လည်း ချစ်သူကို စကားနာမထိုးမိပါစေနဲ့ နော် ။
သင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀%မယုံမိပါစေနဲ့ ။
တစ်ကယ်လို့ အဲ့ဒီအဖြစ်တွေဟာ အမှန်တွေဖြစ်ခဲ့မယ်ဆိုရင် သင့်ထံမကြာမီရောက်လာမှာပါ။
သင့်ဘက်ကသာ အစစ်အမှန်တွေပေးခဲ့မယ်ဆိုရင် စစ်မှန်တဲ့ အကြောင်းအရာတွေကို
ကံတရားက သင့်အတွက်ချန်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်မလာသေးတဲ့ ပြသနာတွေကို
တွေးပြီင်္းစိတ်ပူမနေပါနဲ့ ။ သင်ဟာနဂိုကတည်းက သံသယ များတတ်တယ်ဆိုရင်တော့ အစကတည်းက
သင်သိချင်တဲ့ အကြောင်းအရာတွေကို အားမနာစတမ်းမေးထားပါ ။ သူဘယ်အချိန် ဘယ်နေရာမှာ
ရှိနေမယ်ဆိုတာကို ဇယားချထားပါ ။ နှစ်ဦးနှစ်ဘက်မညာစတမ်း ပွင့်ပွင့်လင်းလင်းစကားပြောထားပါ ။
ဒါကြောင့် အရေးမကြီး တဲ့စွပ်စွဲချက်တွေကို ရှောင်ရှားဖို့  အစကတည်းက နှစ်ဦးကြားမှာ ပွင့်လင်းမှုတွေနဲ့ ပိတ်ပင်ထားပါ။

တိုက်ဆိုင်မှု တွေနဲ့ အချစ်အဓွန့် ရှည်ပါစေ

အချစ်ကို တွေ့ ရှိပြီးနောက် ကိုယ့်ဆီကထွက်မသွားစေဖို့ 
ချစ်သက်တမ်းတစ်လျှောက် အံ့သြမှုလေးတွေ ၊
တိုက်ဆိုင်မှုလေးတွေ နဲ့ ချစ်သက်တမ်းလေးဆွဲဆန့် ကြည့်ပါ ။
သင့်အတွက် နေ့စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ တောင် တိုက်ဆိုင်မှုလေးတွေ ရှိအောင် ဖန်တီးနိုင်ပါတယ်။
ဒီနေ့ သူဝတ်ထားတဲ့ အင်္ကျီအရောင်နဲ့  သူဝတ်ထားတဲ့အင်္ကျီအရောင်လေးတွေကအစ
စားသောက်မှုလေးတွေ ၊အကြိုက်လေးတွေ အဆုံးနေ့ စဉ်စကားပြောတိုင်း တိုက်ဆိုင်ကြည့်ပါ ။
သင်ဟာသူ့ ကိုတကယ်ချစ်ရင် အနေဝေးနေပေမဲ့  အနီးမှာရှိနေသလို ခံစားရပါလိမ့်မယ် ။
ဒါ့အပြင် သင်သိပ်ကြိုက်တဲ့ မင်းသား ၊ မင်းသမီး ၊အစားအစာ ၊ ရုပ်ရှင် ၊ အရောင် စသည်ဖြင့် သူ့ ကိုပြောပြထားပါ ။
သူ့ရဲ့အကြိုက်လေးတွေကိုလည်း မေးပြီးမှတ်သားထားပါ ။
အံ့သြစေမယ့်အကြောင်းအရာလေးတွေကိုလည်းမှတ်သားထားပါ ။
တစ်ခါတစ်ရံ တစ်ဘက်သား မမျှော်လင့်တဲ့  နေရာမျိုးတွေဆီကနေ
အံ့သြစရာ အဖြစ်အပျက်တွေ နဲ့ စကားအဆန်းလေးတွေကို ကြိုးစားပြီးဖန်တီးပြပါ ။
အချစ်ဆိုတဲ့ အရာက မြေပြင်လို ငြိမ်သက်နေတာထက်
လှိုင်းကြပ်ခွပ်လေးတွေလို လှုပ်ရှားမှုလေးတွေ ရှိနေမှ ပျော်ရွှင်စရာကောင်းမှာပေါ့ ။
ဟုတ်တယ်ဟုတ်...

အလေ့အကျင့်လေးတွေနဲ့ ရှေ့ ဆက်ပါ

သင်တို့ နှစ်ယောက်ရဲ့ အချစ်တွေကို ဘယ်သူမှ အသိအမှတ် မပြုပေးရင်တောင်
သင်တို့ နှစ်ယောက်ကြားက အချစ်တွေ ဘယ်တော့မှမပြယ်ပါစေနဲ့ ။
မဖြစ်နိုင်ဘူးဆိုရင်တောင် ယခုထိဆက်ချစ်နေသေးတဲ့ သင်တို့ နှစ်ယောက်ရဲ့ ရဲရင့်မှုတွေကို ဂုဏ်ယူပေးပါ ။
ဒီအလေ့အကျင့်လေးတွေကို သင်တစ်ယောက်တည်းမဟုတ်ဘဲ နှစ်ယောက်စုံစုံညီညီနဲ့ 
အချစ်မှတ်တိုင် နေ့ ရက်ကလေးတွေမှာ ကျင်းပပေးပါ ။
ဒီလိုအလေ့အကျင့်လေးတွေကို ဖန်တီးတဲ့အခါ ပျော်ပျော်ရွင်ရွင် နက်နက်နဲနဲ ဖန်တီးပြပါ ။
ချစ်သက်သေတွေပြပြီးတဲ့ အခါ သင့်ရဲ့ လုပ်ဆောင်မှုအတွက် အပြုံးတစ်ပွင့်နဲ့  ဂုဏ်ပြုတဲ့ အကျင့်ကို အမြဲရယူပါ ။
ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာ ရှေ့ ဆက်ရမယ့် ချစ်သက်တမ်းအတွက်
အားအင်အသစ်တွေ နဲ့ နွေးထွေးမှုတွေကို အပြည့်အ၀ပေးနိုင်တဲ့ စိတ်ခွန်အားပေးတဲ့ ဖန်တီးမှုလေးတစ်ခုပါ ။

လက်တွဲဖော်မှန်ပါစေ

သင်ရွေးချယ်တဲ့သူဟာ အချိန်တိုင်းသင့်ကို လိုအပ်နေတယ် ။
သင့်အတွက်ဘယ်အရာမဆို ပြောင်းလဲပစ်ဖို့ အဆင်သင့်ရှိသူလား ။
အချစ်ကံကောင်စေဖို့  ၊ အချစ်မှာပျော်ရွှင်ဖို့ အတွက်
အခြားလိုအပ်မှုပေါင်းများစွာကို ထည့်စဉ်းစားဖို့ တော့လိုအပ်ပါတယ် ။
လောကကြီးထဲမှာရှိတဲ့ လူသားတွေရဲ့ ဘ၀မှာ အရာတိုင်းကပြည့်စုံနေတယ်
ဆိုတာတော့မရှိပါဘူး ။
လိုအပ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။
ဒါပေမဲ့
အချစ်စစ်သမားအတွက်တော့ အရာရာဖြည့်ယူမယ် ၊ နားလည်မှုတွေပေးမယ် ၊ ညှိနှိုင်းကြမယ်
ဆိုတဲ့ ပန်းတိုင်ကိုမျှော်လင့်နိုင်ပါတယ် ။
ဆင်ခြေတွေကို အမြဲမပေးပါနဲ့  ။လက်ရှိအခြေအနေတွေကို ရိုးသားပါ ။
ကိုယ်ကလည်းအစစ်အမှန်ကို ရချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း
အစစ်အမှန်တွေ ပေးမှဖြစ်မှာပေါ့ ။
ဟုတ်တယ်ဟုတ်.........
သင့်စိတ်ထဲမှာ သူမှတစ်ပါး အခြားသူကို ပေးဆပ်ဖို့  ဘယ်တော့မှမစဉ်းစားပါနဲ့ ။
ဒါကိုလည်း သူသိအောင်လုပ်ပါ ။
သင်တို့ နှစ်ဦင်္းကြားက စစ်မှန်မှုတွေကို ထုတ်ဖော်လေလေ ယုံကြည်မှုတွေ ခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ် ။

ကြိုတင်တောင်းပန်အပ်ပါတယ်ခင်ဗျာ..         
သူများရေးထားတာလေးတွေပါ
ချစ်သူတွေ မှတ်ထားသင့်တယ်ထင်လို့ တင်ပေး လိုက်တာပါ ။
ရေးထားသူကိုယ်တိုင် ဒီဘလော့ကိုဖတ်မိတယ်ဆိုရင်လည်း ခွင့်လွတ်ပေးဖို့တောင်းပန်ပါတယ် ။
အများသိစေချင်တဲ့စေတနာနဲ့ ပါ ။

 

ဒါက တစ်မျိုးပေါ့

July 12, 2009

사랑의 십계명........ (အချစ်ဧ။် သိက္ခာပုဒ် 10 ချက်)


1. 사랑은 계산하지 말 것.
အချစ်ဆိုတာ  တွက်ချက်ရမဲ့အရာ မဟုတ်ဘူး.

2. 사랑은 후희하지 말 것.
အချစ်ဆိုတာ  နောင်တရ ရမဲ့ အရာမဟုတ်ဘူး.

3. 사랑은 되돌려 받으려 하지 말 것.
အချစ်ဆိုတာ  ပြန်လှည့်ပြီး...

Continue reading...
 

ဆယ်ကျော်သက်အချစ်

July 12, 2009
အချစ်နဲ့ဘ၀ ကို ပိုင်းခြားသိမြင်နိုင်ဖို့ လိုကောင်းလိုမယ်လို့ လည်းထင်မိပါတယ်.. တစ်ချို့တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတတ်ကြတယ် သူတို့ဘ၀အတွက် ပြည့်စုံမှုရှိရင်တော့ အကြောင်း...

Continue reading...
 

သူငယ်ချင်းတစ်ဦးရဲ့ကဗျာ

July 12, 2009
မညီတဲ့တံပိုး
 

ကြင်နာတတ်ခဲ့ပါရဲ့
....................
ဒါနဲ့တောင် သံသယနဲ့မိန်းမောရင်း
ထပ်တူမကျနိုင်တဲ့ ခေါ်သံတွေ ဖြတ်ပေးလို့
နာကြည်းမှုတွေ ဆေးချယ်ခဲ့တာ
ဆွံ့အနေတဲံ အတိတ်နဲ့
အံလွဲနေတဲ့ အချစ်တစ်ခ...

Continue reading...
 

သူငယ်ချင်းရဲ့ကဗျာ

July 12, 2009

LOVE ( အချစ် )

(၁) အချစ်
အချစ်ဆိုတာ ချစ်နေသ၍ ပေးဆပ်ခြင်းပါ၊ရယူခြင်းကြောင့် ပိုင်ဆိုင်ထားလည်း ချစ်နေသ၍ ပေးဆပ်ရတာပါပဲ ...........

(၂) အချစ်စစ်
ချစ်နေရတိုင်း ပေးဆပ်နေတာ၊ပေးဆပ်နေရတိုင်း ပျော်နေတာ ...
Continue reading...
 

ဖတ်ကြည့်

July 12, 2009
ငယ်ချစ်ဦးနှင့် မပေါင်းဖက်လိုက်ရသော်လည်း ထိုငယ်ချစ်ဦးနှင့်ပတ်သက်သော မေ့မရသည့် နေ့ရက် များစွာသည် လူတိုင်းတွင် ရှိနေလိမ့်မည်ဟုကျွန်တော် ထင်သည်။

ထို ပေါင်းဖက်ခွင့် မကြုံလိုက်ရ...
Continue reading...
 

အလင်းစေတမန်မှ ပို့စ်

July 12, 2009
ချစ်ခြင်းရဲ့မှန်ဘောင်

လက်ထပ်ပြီးရက်ပေါင်း ၂၅၅၅ရက်…. သူနဲ့ကျွန်တော်ရဲ့ ဆက်ဆံရေးက
လုံးဝကွဲအက်သွားခဲ့တယ်။ ဘောင်ခတ်ထားတဲ့ စည်းရိုးတစ်ခုကို ကျော်ဖြတ်ခဲ့တဲ့
ယောက်ျားမိန်းမတွေလည်း...
Continue reading...
 

a linn say ta man

July 12, 2009
အကယ်ေ၇ွ့မင်းတယောက်သောသူကိုမချ
စ်တော့ဘူးဆို၇င်လမ်းခွဲံလိုက်ပါ
သူများကသူကိုချစ်ဖို့အခွင့်အေ၇းပေးလိုက်ပါ....
အကယ်ေ၇ွ့မင်းချစ်သူကမင်းကိုထားသွား၇င်စိတ်လျော့လိုက်ပါ
တခြားတယောက်ကိ...

Continue reading...
 

about love

July 11, 2009
အချစ်လေးမျိုးရှိတယ်တဲ့....
1. ego love
2. one sided love
3. blind love
4. true love

Ego love

ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို
့ရပါတယ်....
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့...
ကိုယ်ချစ်တ...

Continue reading...
 

poem

July 11, 2009
  • တစ်ချိန်တုန်းကပေါ့

ပုစဉ်းတစ်ကောင်ရဲ့  အော်မြည်သံကိုတောင်

ခေါင်းထောင်ကြည့်ဖူးတယ်

ဥသျှစ်သီးဘဲ ကြွေတာလား

ဖားတစ်ကောင်ဘဲ ရင်ပွင့်တာလားဆိုတာ..

  • ဒီလိုနဲ့ဘဲ…

            ခပ်ကြမ်းကြမ်း ခုတ...


Continue reading...
 

Categories

 
Make a Free Website with Yola.