လျို့ဝှက်ချက်
August 22, 2009သင်ဒီလျှို့ ဝှက်ချက်ကိုသိရင် ဘာမဆိုဖြစ်နိုင်တယ်။ သင်ဘာကို အမှန်တကယ်လိုချင်တာလဲ။ ဒီလျှို့ ဝှက်ချက်ကိုသာ ဘယ်လိုအသုံးချရမယ်ဆိုတာကို သိရင် ဖြစ်ပါပြီ။
The Secret is the answer to all that has been, all that is, and all that will ever be!
ဒါကဘယ်လို လျှို့ ဝှက်ချက်မျိုးလဲ။
ဒီလောကမှာ အရာအားလုံးဟာ ဖြစ်ပျက်ပြောင်းလဲ တိုးတက်နေတယ်။ သင်ဘယ်နေရာမှာပဲ ရှိရှိပါ။ ဒီလျှို့ ဝှက်ချက်ကတော့ တစ်ခုတည်းပဲ။ အဲဒါက ဆွဲဆောင်မှုနည်းယာမ (Law of Attraction)ပါပဲ။
လောကမှာဖြစ်ပျက်သမျှအားလုံး ဟာ ဆွဲဆောင်မှုကြောင့်ဖြစ်လာတာပဲ။ ကိုယ့်ကိုတိုင်ရဲ့  ဆွဲဆောင်မှုနဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ အဖြစ်အပျက်တွေ ကိုယ့်အပေါ်ဖြစ်ပေါ်လာရတယ်။
ကိုယ့်ကိုကိုယ် သံလိုက်တစ်ခုလို သဘောထားကြည့်ပါ။ တကယ်တော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်သမျှ အားလုံးကို ဆွဲဆောင်နေတာလေ။
ဒါတွေကို စကားလုံးသုံးလုံး သုံးပြီးပြောလို့ရတယ်။ ၁။Thought ၂။become ၃။things
သင်စဉ်းစားတဲ့ အတွေးတွေမှာ (frequency) ကြိမ်နှုန်းတွေရှိတယ်။ အဲဒီ ကြိမ်နှုန်းတွေက တိုင်းတာလို့ရတယ်။ ဆိုပါစို့ သင်က ရွှေလည်ဆွဲလေးလိုချင်တယ်၊ ကားတစ်စီးလိုချင်တယ်၊ အလုပ်တစ်ခုရချင်တယ်၊ ဘ၀ရဲ့  အဖော်မွန်တစ်ယောက်လိုချင်တယ် စတဲ့ အတွေးတွေမှာ သူ့ ကြိမ်နှုန်းနဲ့သူရှိတယ်။ အဲဒီကြိမ်နှုန်းတွေက သင့်စီကနေ လွှတ်လိုက်ပြီး သင့်စီကို ပြန်လာတယ်။
ပြဿနာတစ်ခုက တစ်ချို့ လူတွေက ကိုယ်မလိုလားမနှစ်သက်တာကို တွေးတောတတ်ကြတယ်။ အဲဒါကိုပဲ အကြိမ်ကြိမ်တွေးနေပြီးနေကြတယ်။ ဆွဲဆောင်မှုနည်းယာမက သင်လိုလားနှစ်သက်တာတွေးနေလား မလိုလားမနှစ်သက်တာတွေးနေလားကို ဂရုစိုက်မှာ မဟုတ်ပါဘူး။
သင်က မနှစ်သက်မလိုလားတဲ့ ကြိမ်နှုန်းတွေ ပို့လွှတ်လိုက်ရင် မနှစ်သက်မလိုလားတဲ့ အရာတွေကို ဆွဲဆောင်တော့မှာပါပဲ။
ဆွဲဆောင်မှုနည်းယာမက တကယ့်ကိုပဲ ကောင်းပါတယ်။ သင်လိုချင်တာကို သင်တွေးတောပြီး သင့်ရဲ့  အာရုံတွေကို အဲဒီအပေါ်မှာပဲ စူးစိုက်ထားလိုက်မယ် ဆိုရင် ဆွဲဆောင်မှု နည်းယာမက သင်လိုချင်တာကို သင့်ကို ပေးပါလိမ့်မယ်။ အဲလိုပဲ သင်က သင်မလိုလားမနှစ်သက်တာကိုပဲ တွေးပြီး အဲဒီ အပေါ်မှာ အာရုံ စူးစိုက်ထားလိုက်မယ် ဆိုရင် ဆွဲဆောင်မှု နည်းယာမအရာ သင်ဟာ အဲဒီ မလိုလား မနှစ်သက်တာတွေကို ပဲ ရရှိလာမှာပါ။ ဆွဲဆောင်မှုနည်းယာမအရ သင်အတွေးသာ သင့်အတွက် ဖြစ်ပေါ်လာမယ်လို့ဆိုလိုတာပါ။ ဆွဲဆောင်မှုနည်းယာမအရက သင်အတွက် ကောင်းတာ ဆိုးတာကို ဆက်စပ်စဉ်းစားပေးမှာ မဟုတ်ပါဘူး။
သင်ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဆွဲဆောင်မှုနည်းယာမ က အမြဲ ဖြစ်ပေါ်နေပါတယ်။ သင်စဉ်းစားနေသရွေ့ ကတော့ ဒီနည်းယာမ က အလုပ်လုပ်နေပါတယ်။ သင်က အတိတ်ကို စဉ်းစားနေလား၊ လောလောဆယ်ကို စဉ်းစားနေလား၊ အနာဂတ်ကို စဉ်းစားနေလား ဒီဆွဲဆောင်မှုနည်းယာမ က အလုပ်လုပ်နေပါတယ်။ ဒီနည်းယာမက စဉ်ဆက်မပြတ် အလုပ်လုပ်နေပါတယ်။ သင် ဒီဟာကို ရပ်နားထားလို့မရသလို စတင်ခိုင်းလို့လည်းမရပါဘူး။ လူတိုင်းက အချိန်တိုင်းမှာ စဉ်းစားနေကြပါတယ်။ အဲဒီ စဉ်းစားတဲ့ အတိုင်းဖြစ်ပျက်နေပါတယ်။
ဥပမာတစ်ခုပြောပြမယ်။ လူတစ်ယောက်က အလုပ်တစ်ခုမှာ လုပ်တယ်။ သူက အဲဒီအလုပ်မှာ မပျော်ဘူး။ မပျော်ဘူးလို့လဲ အမြဲမေးလ်ထဲကနေပြောတယ်။ ဘာလို့လဲ ဆိုရင် သူ့လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို အမြဲလှောင်ပြောင် အနိုင်ကျင့်ပြီး သူလမ်းသွားရင်လည်း လမ်းသရဲတွေရဲ့  နှောက်ယှက်မှုကိုခံရတယ်တဲ့။ ဒါဟာ သူက သူမလိုချင်တဲ့ မဖြစ်ချင်တာတွေကိုပဲ တွေးနေလို့ အဲဒီအတိုင်းဖြစ်နေရတာပဲ။ သူ့ကို အကြံပေးလိုက်တယ်။ သူမဖြစ်ချင်တာတွေကို မတွေးပဲနဲ့ သူတကယ်ဖြစ်ချင်တာတွေပဲ တွေးပြီး စိတ်နှစ်ထားဖို့ပေါ့။ တကယ်ပဲ ထူးဆန်းတာက အဲလို သူ့အတွေးတွေ ပြောင်းပြီး ၆ ရက်လောက်မှာ သူ့ကို နှောက်ယှက်တဲ့ လုပ်ဖော်ကိုင်ဖတ်တချို့ အလုပ်ထွက်သူထွက် ဌာနပြောင်းသူပြောင်းဖြစ်ပြီး သူ့ကို လမ်းမှာ နှောက်ယှက်မယ့်သူလည်း မရှိတော့ဘူးတဲ့။ သူဟာ ပိုပြီးအောင်မြင်လာပြီး သူ့ဘ၀တစ်ခုလုံး ပြောင်းလဲသွားတယ်။ ဒါဟာ သူက သူမလိုလားမနှစ်သက်တာတွေကို မတွေးတော့ပဲ လိုချင်နှစ်သက်တာတွေကိုပဲ တွေးတောနေလိုပါပဲ။
သင့်ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်လိုက်ပါ။ သင်မြင်ရမှာပါ များပြားလှတဲ့ ဆွဲဆောင်မှုတွေကို သင်ကိုယ်တိုင် အဲဒီဆွဲဆောင်မှုတွေကို ဆွဲယူရမှာပါ။ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ချမ်းသာမှုတွေ၊ သာယာမှုတွေ၊ …….အားလုံးဟာ သင့်အတွေးထဲကနေမှတဆင့် ဆွဲဆောင်ယူနိုင်မှာပါ။ သင်အတွေးတွေက တကယ်ဖြစ်လာမယ်။
စမ်းသပ်ချက်တွေအရ လူရဲ့  စိတ်ဟာ အချိန်တိုင်းမှာ လှုပ်ရှားနေပါတယ်။
သင်ဟာ သင်ကိုယ်တိုင် နားမလည်လို့ မယုံနိုင်ဘူးလို့ ဖြစ်စရာမရှိပါဘူး။ ဥပမာ သင်ဟာ လျှပ်စစ်ကို ဘယ်လိုလုပ်ထားလဲ ဆိုတာကို နားမလည်ပေမယ့်။ သူ့ရဲ့  အသုံးဝင်ပုံကို သင်သိတော့ သင်သူ့ကို အသုံးချတယ်။ သူ့ရဲ့  ဖွဲ့စည်းပုံကို သင်မသိပေမယ့်လည်း အသုံးချပုံကို သိတော့ အသုံးချနိုင်တယ်။
စမ်းသပ်ချက်တွေအရ ကောင်းတဲ့အတွေးက မကောင်းတဲ့ အတွေးထက် အဆတစ်ရာ ခွန်အားပိုကြီးတယ်။
တစ်ခုသိထားရမှာက သင့်ရဲ့  အတွေးအားလုံးဟာ ချက်ခြင်းတကယ်ဖြစ်လာမှာ မဟုတ်ပါဘူး။ တကယ်သာ ချက်ခြင်းဖြစ်မယ်ဆိုရင်လည်း ဒုက္ခရောက်သွားနိုင်တယ်။ ဥပမာ သင်က စစ်ကားကြည့်နေပြီး စစ်သားဖြစ်ချင်တယ် လို့တွေးလိုက်တုန်း တကယ်ဖြစ်သွားရင် သင်ဒုက္ခရောက်ပြီပေါ့။ ဒါကြောင့် အချိန်အတိုင်းအတာ တစ်ခုကြာပြီး သင့်ရဲ့  အတွေး သင်ဖြစ်ချင်တာတွေကို ပြန်လည်သုံးသပ်နိုင်ပြီး ဆုံးဖြတ်ချက်တွေချနိုင်ရမယ်။
သင်ဟာ သင့်စဉ်းစားတာတွေထဲက ကောင်းတာတွေ ဆိုးတာတွေကို ဆင်ခြင်သုံးသပ်ပြီး သင့်ဘ၀ကို သင်ထိန်းကျောင်းနိုင်ရမယ်။
သင်က သင့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ သင်မနှစ်သက်တာတွေ မဖြစ်ချင်တာတွေ ဖြစ်နေရတာက သင်ဆွဲဆောင်လို့ သင်တွေးလိုက်လို့ ဖြစ်တာမဟုတ်ဘူး။ သင်က လုံးဝမတွေးထားဘူးလို့ သင် ငြင်းကောင်းငြင်းပါမယ်။ ဒါပေမယ့် သေချာပါတယ် သင်အဲဒါတွေကို ဆွဲဆောင်ခဲ့တယ် တွေးခဲ့တယ်။ သင်က သင့်ရဲ့  အတွေးတွေကို ထိန်းကျောင်းနိုင်စွမ်း မရှိတဲ့ အခိုက်မှာ သင်တွေးခဲ့ပါတယ်။ ဒါ့ကြောင့်သင်သာ သင့်အတွေးတွေကို စောင့်ကြည့် ထိန်းကျောင်းပေးနိုင်မယ်ဆိုရင် သင့်ဘ၀ပိုကောင်းလာမှာပါ။
လေ့လာသူတွေက ပြောတယ် လူတစ်ယောက်က တစ်နေ့မှာ အတွေး ၆သောင်းလောက်ကို တွေးတောပါတယ်။ ဒါဆိုရင် ဒီလောက်များပြားတဲ့ အတွေးတွေကို ဘယ်လို စောင့်ကြည့်နိုင်မှာလဲ။ အတော်လေးကို ပင်ပန်းမယ့် အလုပ်တစ်ခု ဖြစ်လာမှာပေါ့။ ဒါပေမယ့် အလွန်လွယ်ကူတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ သင့်ရဲ့  ခံစားချက်ပါပဲ။
သင့်ရဲ
့ခံစားချက်က သင်ဘာကို စဉ်းစားနေတယ်ဆိုတာကို ပြောပြနိုင်ပါတယ်။
သင့်ခံစားချက်က သင်ဘာကို ဆွဲဆောင်နေတယ်ဆိုတာကို ပြောနိုင်ပါတယ်။
ခံစားချက်မှာ ကောင်းတဲ့ ခံစားချက်နဲ့ ဆိုးတဲ့ ခံစားချက်ဆိုပြီး
ခွဲခြားနိုင်တယ်။ စိတ်ဓာတ်ကျမှုတွေ၊ အပြစ်ရှိတယ်ခံစားမှုတွေ၊ မုန်းတီးမှုတွေ၊
ဒေါသထွက်မှုတွေ၊ စတာတွေက မကောင်းတဲ့ ခံစားချက်တွေပေါ့။ ဒါတွေကိုတွေးတာ
မကောင်းတဲ့အတွေးဖြစ်ပြီး မကောင်းတဲ့ ကြိမ်နှုန်းတွေ ထုတ်လွှတ်တယ်၊
မကောင်းတဲ့ အဖြစ်အပျက်တွေကို ဆွဲဆောင်မယ်။ နောက်တစ်ခုကတော့ ကောင်းတဲ့
ခံစားချက်ပဲ။ ကောင်းတယ်လို့ဘာလို့ပြောနိုင်တာ
သင့်ရဲ့  ဆုံးဖြတ်ချက်နဲ့သာ သင်စဉ်းစားသလို ကောင်းမွန်တာစဉ်းစားရင် သင့်အနာဂတ်ကလည်း ကောင်းမွန်နေပြီး၊ မကောင်းတာ စဉ်းစားရင် သင့်အနာဂတ်ကလည်း ဆိုးဝါးနေမှာပါ။ သင်ဖန်တီးသမျှ သင့်အတွေးတွေကို ဆွဲဆောင်မှုနည်းယာမ က ဖြစ်ပေါ်လာအောင် ဖန်တီးပေးပါတယ်။
Whatever you’re thinking and feeling today is creating your future.
သင်ဟာ အိပ်ရာထ ကတည်းက မကောင်းတဲ့ အတွေး(စိတ်ညစ်နေတဲ့အတွေးတစ်ခုခု
Your thoughts and your feelings create your life.
You create your own universe as you go along.
ဒါ့ကြောင့် သင်ဟာ ကောင်းမွန်တဲ့ခံစားမှုတွေကို တွေးတောရပါမယ်။ ဒါဆိုရင် သင့်ထံမှ ကောင်းမွန်တဲ့ ကြိမ်နှုန်းတွေ လွှင့်ထုတ်ပြီး ကောင်းမွန်မှုတွေကို ဆွဲဆောင်ကာ ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေဖြစ်လာပါမယ်။
တကယ်လို့သင့်ရဲ့ ခံစားချက်က မကောင်းတဲ့ ဘက်ကို သွားနေပြီဆိုရင် သင်ကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို ဆိုပြီး သင့်စိတ်ကို ပြောင်းလဲအောင်လုပ်သင့်ပါတယ်။ လှပတဲ့အရာတွေကို စဉ်းစားကြည့်ပါ။ ကိုယ်ကြိုက်နှစ်သက်တာတွေကို ပေါ့။
ဘယ်လိုသုံးနိုင်မလဲ
နည်းလမ်းသုံးခုက Creative process
၁။ တောင်းဆိုပါ
သင်ဘာကို လိုချင်တာလဲ။ စာရွက်ပေါ်မှာ ချရေးပါ။
၂။ ယုံကြည်ပါ
သင်လိုချင်တာ တကယ် ဖြစ်လာမယ်လို့ ယုံကြည်ပါ။ သင်က ဒါဘယ်လို ဖြစ်လာမယ်ဆိုတာ သိစရာ မလိုပါဘူး။
လိုချင်တာတွေ တော်တော်နဲ့မရနိုင်ရင် ယုံကြည်ချက်တွေပျက်ပြားလာတတ်ပါ
၃။ လက်ခံပါ။
သင်လိုချင်တာကို ခံစားပြီး လက်ခံပါ။ နောက်ဆုံးမှာ သင်လိုချင်တာက တကယ်ရလာမှာပါ။
………………….
သင်ဟာ လုပ်ဆောင်မှုတွေကိုတော့ လုပ်ရမယ်။ သင်ဟာ ဘာမှမလုပ်ပဲတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အခွင့်အရေးတွေ အခွင့်အလမ်းတွေက သင့်ကို စောင့်ကြိုနေပါတယ်။ သင်က အဲဒါတွေကို တကယ်ဖြစ်အောင် လုပ်ဆောင်လိုက်ရုံပါပဲ။ အတွေးတစ်ခုထဲကတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ သင်ဘက်ကလည်း လုပ်ဆောင်ပေးရပါမယ်။
အဝေပြေးလမ်းက ညအမှောင်ထဲမှာမီးထွန်းပြီးမောင်
Take the first step in faith, you don’t have to see the whole staircase, just take the first step.
သင်ဟာ ပထမခြေလှမ်းကိုပဲ ယုံယုံကြည်ကြည်လျှောက်လိုက်ပါ၊ လှေကားတစ်ခုလုံးကို ကြည့်နေစရာ မလိုပါဘူး၊ ပထမတစ်လှမ်းသာ လှမ်းလိုက်ပါ။
.........ဆက်ရန်.............
Posted by phozarti